i-Pro မှ ကြိုဆိုပါတယ်။

i-Pro ဟာမြန်မာပြည်ရဲ့ပထမဆုံး Apple ၏တရားဝင် Service Providerဖြစ်ပါတယ်


ကျွန်ုပ်တို့အကြောင်း

i-Pro ဟာ မြန်မာပြည်ရဲ့ ပထမဆုံး တရားဝင်အသိအမှတ်ပြု ၀န်ဆောင်မှုလုပ်ငန်းဖြစ်ပါတယ်။ i-Pro သည် Lotus Technology Co. Ltd ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ Lotus Tech သည် IT Products များကိုဖြန့်ချိပြီး နိုင်ငံတကာအသိအမှတ်ပြု Brands များကို သုံးစွဲသူများနှင့် ပြန်လည်ဖြန့်ချိသူများကို ၀န်ဆောင်မှုပေးပါသည်။2011 မှာ လုပ်ငန်းငယ်တစ်ခုအနေနဲ့ စတင်ခဲ့ပြီး နှစ်နှစ်မပြည့်မီမှာပဲကျွန်တော်တို့လုပ်ငန်းကိုနှစ်ဆတိုးချဲ့နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ လုပ်ငန်းတိုးတက်လာရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ရဲ့ ပါတနာတွေကို တည်ကြည်ခိုင်မာစွာနဲ့ Value-added၀န်ဆောင်မှုများကို စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနိုင်ခဲ့လို့ဖြစ်ပါတယ်။

ကျွန်တော်တို့ i-Pro ရဲ့ ၀န်ထမ်းတွေဟာ Apple မှ အသိအမှတ်ပြုထားတဲ့ ကျွမ်းကျင်ပညာရှင်များဖြစ်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ပြသနာတွေကို သေချာရှာဖွေပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးကတော့ ကျွန်တော်တို့ Customer တွေစိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Apple ကထုတ်တဲ့ ပစ္စည်းကရိယာတွေ အသုံးပြုပြီး အလျင်မြန်ဆုံး ၀န်ဆောင်မှုတွေပေးနေပါတယ်။